15 Free YouTube subscribers for your channel
Get Free YouTube Subscribers, Views and Likes

စစ်ခေါင်းဆောင်ကို ထောက်ခံသူတွေပါ စိတ်ပျက်နေ

Follow
The Irrawaddy News

စစ်ခေါင်းဆောင်ကို ထောက်ခံသူတွေပါ စိတ်ပျက်နေ (ရုပ်/သံ)

မိုးသောက်၊ ဩဂုတ် ၁၄၊ ၂၀၂၄

စစ်တပ်ရဲ့ အားအထားရဆုံးတိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ လားရှိုးခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို လက်လွှတ်ဆုံးရှုံးရပြီး တဲ့နောက်မှာ စစ်တပ်အမာခံ ထောက်ခံသူတွေဟာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စိတ်ပျက် ဝေဖန်မှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်အလှူအတန်းတွေကြောင့် သာသနာပြုမင်းကောင်းမင်းမြတ်လို့ ကင်ပွန်းတပ်ခံခဲ့ရတဲ့ စစ်ခေါင်းဆောင်အတွက် တမြို့ပြီးတမြို့လက်လွှတ်ဆုံးရှုံးရချိန်မှာ ဒီအသုံးအနှုန်းတွေက လှောင်ပြောင်မေးခွန်းထုတ်စရာ တခုဖြစ်လာခဲ့ပါတယ်။

စစ်ရေးအရရော တပ်တွင်းထောက်ခံမှုအပိုင်းမှာပါကျဆင်းနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖယ်ရှားပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို အစားထိုးဖို့အတွက် ပြောဆိုမှုတွေဟာလည်း မကြာခဏ ရှိလာနေပါတယ်။

#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #ရမခ

posted by vegsmanne3y