Get YouTube subscribers that watch and like your videos
Get Free YouTube Subscribers, Views and Likes

ကိုယ်ကျင့်အဘိဓမ္မာ၊ ဒုတိယခန်း၊ စေတသိက်အကြောင်း၊ အပိုင်း(၃)

Follow
Voice Of Abhidhammā (Dhamma Reader Channel)

ဆောင်။ စိတ်၏တံထွာ၊ ဓမ္မတာကား၊ ကြုံရာအာရုံ၊ ရမိရုံသာ၊ ဖုံဖုံကောင်းဆိုး၊ မကွဲရိုးတည်း၊ တမျိုးတွဲဖက်၊ စေတသိက်တွက်ကြောင့်၊ သက်သက်ဆိုးကောင်း၊ အရောင်ပြောင်း၍၊ မကောင်းလည်းစိတ်၊ ကောင်းလည်းစိတ်ဟု၊ ခွဲစိတ်စမြဲ၊ ဥဒါန်းကဲသည်၊ စိတ်လဲ စေတသိက်ကြောင့်သာကိုး။
စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄ပါး
၁။မောဟ ၂။အဟိရိက ၃။အနောတ္တပ္ပ
၄။ဥဒ္ဓစ္စ ၅။လောဘ ၆။ဒိဋ္ဌိ
၇။မာန ၈။ဒေါသ ၉။ဣဿာ
၁၀။မစ္ဆရိယ ၁၁။ကုက္ကုစ္စ ၁၂။ထိန
၁၃။မိဒ္ဓ ၁၄။ဝိစိကိစ္ဆာ
ဆောင်။ မသိတတ်ဘိမောဟ သိလော၊ အဟိရိကမရှက်စွတည့်၊ နောတ္တပ္ပမူမလန့်ဟူ၏၊ မှတ်ယူပြန့်လျက်မငြိမ်သက်ထဥဒ္ဓစ္စနှင့် လောဘသဘောလိုချင်ဟော၍၊ မှားသောအမြင်ဒိဋ္ဌိတွင်သား၊ မာနကားမူထောင်လွှားကြွတက်၊ ဒေါသတွက်ကြောင့်၊ ခက်ခက်ထန်ထန်၊ ဣဿာလျှံမူလွန်ငြူစူ၏၊ ပြောထူ မစ္ဆေဝန်တိုလေသတဲ့၊ တထွေမှတ်ကြကုက္ကုစ္စကား၊ နောင်တ တဖန်ပူပန်ထန်ပြင်း၊ ထိုင်းခြင်း ထိန၊ မှိုင်းမိဒ္ဓနှင့်၊ ဗုဒ္ဓစသည့်ယုံမှားဘိမူဝိစိကိစ္ဆာ၊ ဆဲ့လေးဖြာသည်၊ မှန်စွာ အကုသိုလ်ချည်းတည်း။

ဤလောကကြီးသည် အမှောင်အတိ ဖြစ်၍နေ၏။ ဤလောကကြီးတွင် သတ္တဝါအနည်းငယ်သာ ထူးထူးခြား ရှုမြင်နိုင်၏။ ပိုက်ကွန်မိပြီးမှ လွတ်ထွက်နိုင်သော ငှက်သည် နည်းသကဲ့သို့ ထို့အတူ သေပြီးနောက် နတ်ပြည်ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။ (ဓမ္မပဒ)

#voice of abhidhamma #dhamma reader channel #teaching #dhamma talk #ဗုဒ္ဓအဘိဓမ္မာ #ကိုယ်ကျင့်အဘိဓမ္မာ #စေတသိက်

posted by pneumatyk0c