Buy real YouTube subscribers. Best price and warranty.
Get Free YouTube Subscribers, Views and Likes

ရှုခင်းတွေလှလွန်းလို့ နာမည်ကြီးနေတဲ့ ပုပ္ပါးမြေက မကြေးစည် စမ်းချောင်းလေး

Follow
myanmaradventure traveler

ခြောက်သွေ့ပြီး အပူချိန်ပြင်းတဲ့ အညာရဲ့ ပုဂံလိုဒေသမှာ စမ်းချောင်းတွေ၊ ရေတံခွန်တွေ ရှိတယ်လို့ပြောရင် ယုံဖို့ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် စိမ်းစိုနေတဲ့ တောအုပ်ကြီးတွေ၊ မှိုင်းညို့ညို့တောင်တန်းကြီးတွေနဲ့ ကျောက်တုံးကျောက်စိုင်တွေကြားက စီးဆင်းနေတဲ့ ကြည်လင်အေးမြတဲ့စမ်းချောင်းလေးတွေ၊ ရေတံခွန်လေးတွေနဲ့ အရမ်းကို သာယာ လှပတဲ့နေရာလေးတစ်ခု အညာဒေသမှာ တကယ့်ကိုရှိပါတယ်။ အဲဒီနေရာလေးကတော့ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးနယ်မြေ၊ ဆင်ဇင်းရွာလေးမှာရှိတဲ့ မကြေးစည် စမ်းချောင်းဆိုတဲ့ နေရာလေးပဲဖြစ်ပါတယ်။ ကြီးမားတဲ့ တောတောင်လျှိုမြောင်တွေကြားမှာ တည်ရှိနေတဲ့အပြင် ရင်သပ်ရှုမောစရာ သဘာ၀ရှုခင်းအလှတွေလည်းရှိနေတာကြောင့် ဒီဒေသလေးဟာလည်း ခရီးသွားတွေ လာရောက်လည်ပတ်မှု တစထက်တစ များပြားလာတဲ့ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီ vlog လေးမှာ မကြေးစည်စမ်းချောင်းလေးရှိရာ ဆင်ဇင်းရွာဒေသလေးရဲ့ သဘာ၀အလှအပတွေကို ရိုက်ကူးတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။

posted by drableRahCeabu6