Get YouTube subscribers that watch and like your videos
Get Free YouTube Subscribers, Views and Likes

မင်းအောင်လှိုင် လွိုင်ကော်မြို့ ရောက်နေချိန် လက်နက်ကြီးနဲ့ အပစ်ခံရ

Follow
Myanmar Now News

မင်းအောင်လှိုင် လွိုင်ကော်မြို့ ရောက်နေချိန် လက်နက်ကြီးနဲ့ အပစ်ခံရ
........
ကရင်နီပြည်နယ် လွိုင်ကော်မြို့သို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်ရှိနေချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက Myanmar Now ကို ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၄)က လွိုင်ကော်မြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေချိန်တွင် လက်နက်ကြီးဖြင့် ၅ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကို အတိအကျမသိရသေးဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။

“ကျွန်တော်တို့ အခုပစ်ခတ်မှုက သူတို့ရှိတဲ့နေရာတွေကို ပစ်ခတ်တာဖြစ်လို့ ခြိမ်းခြောက် မှုပေးနိုင် တာတော့ သေချာပါတယ်။ အထိအခိုက်တွေအားလုံးကတော့ အသေးစိတ်ကတော့ မသိရသေးဘူးပေါ့” ဟု ၎င်းက ပြောသည်။

သတင်း၊ တင်ဆက် မြတ်ကြီး

posted by buherehypekefa6