Sub4Sub network gives free YouTube subscribers
Get Free YouTube Subscribers, Views and Likes

Khit Thit သတင်းဌာန၏ ဇူလိုင် ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Follow
Khit Thit Media

Khit Thit သတင်းဌာန၏ ဇူလိုင် ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဖို့ အတင်းအကြပ် စစ်ထဲ ခေါ်သွင်းထားတဲ့ သင်တန်းဆင်း တပ်သားသစ်တွေဟာ သက်တမ်း ၅ နှစ် စစ်မှုထမ်းဖို့ စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်ရပြီး စစ်ကောင်စီရဲ့ ပေါ်တင် လိမ်လည်တာကိုခံလိုက်ရတဲ့အပြင် ၊ တပ်သားသစ်တွေဟာ ရှေ့တန်း ပို့ခံတာတွေ ၊ ဖုန်းသုံခွင့်မရတာတွေ ၊ မိဘနဲ့ဆက်သွယ်ခွင့်မရတာတွေ ကြုံနေရတယ်လို့ တပ်သား သစ်တွေရဲ့ မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ မန္တလေး PDF ရဲ့ထိုးစစ်တွေကြောင့် စဉ့်ကူးမြို့နယ် ကျေးရွာ တော်တော်များများက ပျူစောထီးတွေ အကုန်ထွက်ပြေးနေကြပြီး ၊ တစ်ဖက်မှာလည်း အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ်မှာရှိတဲ့ ကျေးရွားတွေကို ၂ ရက်ဆက် လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

စစ်ကိုင်းတိုင်းက မြင်းမူမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးပါသုံးပြီး မြေပြင်ရော ဝေဟင်ကပါ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ ဝန်းကျင်သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

posted by foekAccowsZewn7