Grow your YouTube channel like a PRO with a free tool
Get Free YouTube Subscribers, Views and Likes

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Follow
Khit Thit Media

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် မင်းအောင်လှိုင်ဟာ ဒီကနေ့မနက်ပိုင်းမှာပဲ တောင်ငူမြို့ကို ရောက်ရှိနေပြီး တစ်မြို့လုံး ဒရုန်းဖျက်ချတဲ့ ဂျန်မာတွေ ပတ်ပတ်လည်ချထားတဲအပြင် ၊ မြို့တွင်းမြို့ပြင်မှာပါ စစ်ဆင်အားရာ နဲ့ချီချထားပြီး လုံခြုံရေးတွေ အထူးတင်းကျပ်ထားတယ်လို့ ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။

မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်မှာ မနေ့ကပဲ အကြမ်းက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပတ်ပတ်လည် ပစ်ခတ်နေပြီး ၊ မြို့ပြင်တစ်လျှောက်မှာပါ ကတုတ်ကျင်းတွေ အမြောက်မြား တူးနေပြန်တယ်လို့ ပြင်ဦးလွင်ဒေသခံ ပြည်သူတွေနဲ့ စစ်တပ်သတင်းရင်းမြစ်ကပါ ရန်ကုန်ခေတ်သစ်ကို ပြေထာားပါတယ်။

မန္တလေးမြို့က အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စည်ပင်၊ ထွေ/အုပ် ၊ မီးသတ် အပါအဝင် ဌာနဆိုင်ရာ NonCDM ဝန်ထမ်းတွေ စစ်သင်တန်းတက်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

posted by foekAccowsZewn7