Free views, likes and subscribers at YouTube. Now!
Get Free YouTube Subscribers, Views and Likes

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Follow
Khit Thit Media

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားပြတ်လပ်မှုနဲ့ ငွေထုတ်ယူမှုတွေကို ကန့်သတ်တွေ အကြီး အကျယ် ဖြစ်ပေါ်နေတဲ့အချိန် စစ်ကောင်စီဗဟိုဘဏ်က Special Account ဘဏ်စာရင်းတွေအနေနဲ့ ငွေသားထည့်သွင်းထားတဲ့ ပမာဏအတိုင်း ထုတ်ယူနိုင်တယ်ဆိုပြီး ဗြောင်လိမ်ပြီးတော့ကို သတင်းထုတ်ပြန်ထားပြန်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိဘဏ်တွေအနေနဲ့ စီးပွားရေးမှာ လက်ဝါးကြီးအုပ်တာတွေ ၊ စျေးကစား တာတွေ လုပ်ရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီက ခေါ်ယူ ခြိမ်းခြောက်လိုက်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ လားရှိုးမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ရပြီး ၊ နောက်ထပ် ပြည်သူ ၁၂ ဦးက ဒဏ်ရာ ရထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

posted by foekAccowsZewn7