Free YouTube views likes and subscribers? Easily!
Get Free YouTube Subscribers, Views and Likes

“မန္တလေး PDF နဲ့ TNLA ရဲ့ပူးပေါင်းဆောင်ရွက်မှုကို အခြားဒေသက ရဲဘော်တွေလည်း အလေးထား လေ့လာသင့်တယ်”

Follow
Htet Aung Kyaw

“မန္တလေး PDF နဲ့ TNLA ရဲ့ပူးပေါင်းဆောင်ရွက်မှုကို အခြားဒေသက ရဲဘော်တွေလည်း အလေးထား လေ့လာသင့်တယ်”

ဦးသန်းစိုးနိုင် (စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၉ ၇ ၂၀၂၄)

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ စွမ်းရည်ပြနေတဲ့ မန္တလေး PDF ရဲ့ လုပ်နည်းလုပ်ဟန်တွေကို အခြားဒေသက PDF တွေ အလေးထားလေ့လာသင့်တယ်။ မန္တလေး PDF နဲ့ TNLA ပူးပေါင်းဆောင်ရွက်သလိုမျိုး စစ်ကိုင်းနဲ့ မကွေးဖက်မှာလည်း ဟန်ချက်ညီပေါ်လာဖို့လိုတယ်။ NUG ကပြောနေတဲ့ စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတာကို တကယ်ဖြစ်လာအောင် အချိန်ကိုက် လှုပ်ရှားဖို့လိုအပ်တယ်” လို့ စစ်ရေးနိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း သီတင်း ၂ ပတ်တာအတွင်း ဘယ်လောက်အထိ အရှိန်ကောင်းနေပြီလဲ။ ပထမ လှိုင်းတုန်းကလို တရုတ်ကကြားဝင်ပြီး အပစ်ရပ်ရေး ထပ်လုပ်ခံရနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၄ ရက်အတွင်း ဘယ်လောက်ခရီးရောက်နေပြီလဲ...

မန္တလေး PDF ရဲ့ စွမ်းရည်ကို အခြားဒေသက ရဲဘော်တွေ လေ့လာသင့်တယ်လို့ ဘာကြောင့်ပြောတာလဲ...

ဒုတိယလှိုင်းဖြစ်နေတဲ့ နေရာတွေဟာ တရုတ်က လက်လှမ်းမမီတဲ့၊ တရုတ်ပြောရင် ငြိမ်ခံမယ့် နေရာတွေ မဟုတ်တော့ဘူးလား...

ERO တွေဟာ သူ့ဒေသလွတ်မြောက်ရေးအဆင့်ကနေ နေပြည်တော်သိမ်းနိုင်ရေးအထိ စဉ်းစားလာနေပြီလား...

စစ်ကောင်းအားလုံးနေပြည်တော်သို့ဆိုတဲ့ လေသံဟာ အခု တကယ်လက်တွေ့ ဖြစ်လာနိုင်ခြေ မြင်နေရပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။    / burmanewsnetwork  )

posted by urlatriceia